back

လိပ်သိုမြို့တွင် ဒေသထွက် နနွင်းခြောက်များ (၈၀၀ဝိ/-) ကျပ်မှ (၁၁၀၀ဝိ/-) ကျပ်အထိ ဈေးရနေ

Feb 26 • 9:43 AM

breaking-news

မြန်မာ

ကရင်

cover

လိပ်သိုမြို့တွင် ဒေသထွက် နနွင်းခြောက်များ (၈၀၀ဝိ/-) ကျပ်မှ (၁၁၀၀ဝိ/-) ကျပ်အထိ ဈေးရနေ

ကရင်ပြည်နယ်၊ လိပ်သိုဒေသရှိ ကျေးရွာအများအပြားမှ တောင်သူများမှာ နနွင်းများကို တစ်နိုင်တစ်ပိုင်သော် လည်းကောင်း၊ စီးပွား ဖြစ်သော်လည်းကောင်း စိုက်ပျိုးထားကြပြီး နနွင...

ကရင်ပြည်နယ်၊ လိပ်သိုဒေသရှိ ကျေးရွာအများအပြားမှ တောင်သူများမှာ နနွင်းများကို တစ်နိုင်တစ်ပိုင်သော် လည်းကောင်း၊ စီးပွား ဖြစ်သော်လည်းကောင်း စိုက်ပျိုးထားကြပြီး နနွင်းများ တွင်ကျယ်စွာ တူးဖော် သိုလှောင်ရောင်းဝယ်ချိန် နနွင်းခြောက်များ ဈေးနှုန်းမြင့်တက်ရရှိလာကြောင်း သိရသည်။လိပ်သိုမြို့ပေါ်၌ ယခင်လက နနွင်းအခြောက်တစ်ပိဿာလျှင် (၇၀၀ဝိ/-) ကျပ်မှ (၉၀၀ဝိ/-) ကျပ် အထိသာ ဈေးရရှိခဲ့သော်လည်း ယခုလတွင် နနွင်းအခြောက်တစ်ပိဿာလျှင် နနွင်းအရည်အသွေးပေါ်မူတည်၍ (၈၀၀ဝိ/-) ကျပ်မှ (၁၁၀၀ဝိ/-) ကျပ်အထိ ဈေးပေးဝယ်ယူ လျက်ရှိနေကြောင်း သိရသည်။ယခုနှစ်တွင် နနွင်းခြောက်များ ဈေးကောင်း ရရှိနေသဖြင့် သိုလှောင်ရောင်းဝယ်သူများနှင့် နနွင်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိနေကြောင်း သိရသည်။

news-view-count-icon

20