ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်မှုရှိတဲ့ နေရာတခုဖြစ်ပြီး ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်နေရာလည်းဖြစ်တဲ့ အင်္ဂလန်တောင်ပိုင်းရှိ ချာချီလ်ရဲ့ မိသားစု မျိုးရိုးစဉ်ဆက် နေထိုင်ရာ နှစ်ပေါင်း ၃၀၀ သက်တမ်းရှိ ဘလန်ဟိုင်းမ်စ် နန်းတော်မှ အီတလီအနုပညာရှင် မော်ရီချိုး ကတ်တဲလန်ရဲ့ အမေရိကန်လို့ နာမည်ပေးထားတဲ့ အနုပညာလက်ရာ ရွှေအိမ်သာအိုး ခိုးယူခံခဲ့ရကြောင်းသိရပါတယ်။၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၄ ရက် မနက်အရုဏ်မတက်ခင်အချိန်မှာ လူ ၅ ယောက်ပါ အုပ်စုတဖွဲ့ဟာ ခိုးယူလာတဲ့ ကား ၂ စီးနဲ့ သော့ခတ်ထားတဲ့ သစ်သားတံခါးတွေကို တိုက်ဖြတ်ကာ နန်းတော်မြေထဲကို မောင်းနှင် ဝင်ရောက်လာကြောင်း အစိုးရရှေ့နေ ဂျူလီယန် ခရစ္စတိုဖာက ပြောပါတယ်။



