back

ယခုနှစ်နွေရာသီတွင် မြန်မာနိုင်ငံ၌ ပုံမှန်ထက် ပိုပူနိုင်

Feb 26 • 9:27 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ယခုနှစ်နွေရာသီတွင် မြန်မာနိုင်ငံ၌ ပုံမှန်ထက် ပိုပူနိုင်

မြန်မာနိုင်ငံအနေနဲ့ အခုနှစ်နွေရာသီမှာ ပုံမှန်အပူချိန်ထက် ပိုပူနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန(အထက်မြန်မာပြည်ဌာနခွဲ-မန္တလေး)ကနေ သိရပါတယ်၊၊ ...

မြန်မာနိုင်ငံအနေနဲ့ အခုနှစ်နွေရာသီမှာ ပုံမှန်အပူချိန်ထက် ပိုပူနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန(အထက်မြန်မာပြည်ဌာနခွဲ-မန္တလေး)ကနေ သိရပါတယ်၊၊ လာမယ့်နှစ် နွေရာသီမှာ မြန်မာနိုင်ငံ တောင်ပိုင်းဘင်္ဂလားပင်လယ်အော်နဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မိုးရွာသွန်း တာတွေရှိနိုင်ပြီး အပူချိန် ဖြစ်နိုင်ခြေကတော့ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေက ပုံမှန်အပူချိန်ရှိနိုင်ကာ ကျန် ဒေသတွေက ပုံမှန်ထက် ပိုပူနိုင်တယ်လို့ နိုင်ငံတကာရာသီဥတု ဗဟိုဌာနကြီးတွေရဲ့ ထုတ်ပြန်ချက်အရ သိရတယ် လို့ ဆိုပါတယ်၊၊ အခုလို နွေရာသီကာလတွေမှာ မိုးရွာသွန်းစေတဲ့ အကြောင်းတွေ ခန့်မှန်းထားတာ ဖြစ်တဲ့အတွက် ထစ်ချုန်းမိုး (ဒါမှမဟုတ်) မွန်းလွဲပိုင်းညနေပိုင်းမှာ ရွာတတ်တဲ့ ပျံကျမိုးတွေလည်း ရွာသွန်းနိုင်တယ်လို့ သိရပါတယ်၊၊

news-view-count-icon

21