ဖေဖော်ဝါရီလ ၂၅ရက် ညနေပိုင်းတွင်ကားသမားတစ်ဦးက ကားရပ်၍ ခရီးသွားမှတ်တမ်းစာရင်း ဝင်ပေးပြီးနောက် ကားစက်နှိုး၍ မရတော့သဖြင့် ဝပ်ရှော့ဆရာခေါ်၍ ကားပြင်ခဲ့ကြောင်းသိရသည်။“ကားက စက်မနှိုးတော့လို့ ဝပ်ရှော့ဆရာက ကားအောက်ဝင်ကြည့်ပေးတယ်။ ဝပ်ရှော့ဆရာကပဲ ကားသမားကို တက်မောင်း စမ်းခိုင်းတယ်။ သတိလက်လွတ်သလိုဖြစ်သွားပြီး မောင်းခိုင်းလိုက်တာမျိုး ဖြစ်သွားတယ်။ ကားက ဝပ်ရှော့ဆရာကို နောက်ဘီးနဲ့ တက်ကြိတ်လိုက်တယ်” ဟု ဖြစ်စဥ်အားသိရှိသည့် ရွာခံကားသမားတစ်ဦးက ပြောသည်။



