ဖေဖော်ဝါရီ၂၆ရက်နံနက် ၈ နာရီခွဲဝန်းကျင်မှာChatuchak နဲ့ Phahon Yothin ဘူတာရုံအကြားတွင်ဘန်ကောက်ရဲ့ MRT Blue Line ရထား ဝန်ဆောင်မှုဟာ ခရီးသွားများတဲ့ အချိန်မှာ ၁၀ မိနစ်ခန့် နည်းပညာ ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရပြီး ခရီးသည်များစွာ ဘူတာရုံမှာ စောင့်ဆိုင်းခဲ့ကြရပါတယ်။ အဲဒီနောက် ၁၀ မိနစ်အကြာမှာ ဝန်ဆောင်မှု ပြန်လည် စတင်နိုင်ခဲ့ပြီး နံနက် ၉ နာရီ ၁၅ မိနစ်မှာ ဝန်ဆောင်မှုဟာ ပုံမှန်ပြန်ဖြစ်သွားခဲ့တယ်လို့ MRT Blue Line ရဲ့ အော်ပရေတာ Bangkok Expressway and Metro Plc (BEM) က ပြောပါတယ်။ BEM က ပြဿနာ ဖြစ်ပွားတဲ့ ရထားပေါ်မှ ခရီးသည်တွေနဲ့ ဘူတာရုံမှာ စောင့်ဆိုင်းနေခဲ့ရတဲ့ ခရီးသည်တွေကို တောင်းပန်ကြောင်း ကြေညာခဲ့ပါတယ်။ 
ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်ရဲ့MRT Blue Line မှနည်းပညာ ပြဿနာကြောင့် ခရီးသည်များစွာ ဘူတာရုံမှာ စောင့်ဆိုင်းခဲ့ကြရ
Feb 26 • 7:57 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 20 | 0 | 0 | 0 |

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ၁၁၈ လမ်းနှင့် ၆၂ လမ်းထောင့်၊ (ဂ)ရပ်ကွက်ရှိ နှစ်ထပ်အဆောက်အအုံ၏ အောက်ထပ်တွင် မီးလောင်မှုဖြစ်ပွားရာအမှုဖွင့်ခံရ
ဗိုလ်တစ်ထောင်ကမ်းနားရှိ Royal River Cruise သင်္ဘောကြီးပေါ်မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲကိုခမ်းနားကြီးကျယ်စွာ ကျင်းပ ပြုလုပ်ခဲ့တဲ့ “ ဒီမိုးစက်တို့ ချစ်သူနှစ်ဦး ”

