ဖေဖော်ဝါရီလ (၂၅) ရက်နေ့ ညနေပိုင်းကဗိုလ်တစ်ထောင်ကမ်းနားရှိ Royal River Cruise မှာ
သရုပ်ဆောင် ဒီမိုးစက် + ခီရာ တို့ ချစ်သူနှစ်ဦးရဲ့ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲကို နှစ်ဖက်မိဘ မိတ်ဆွေ သင်္ဂဟများ , အနုပညာ ညီအစ်ကို မောင်နှမများစွာနဲ့အတူ ခမ်းခမ်းနားနား ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ကြွရောက်လာကြသော ဧည့်ပရိသတ်များကို ညစာဖြင့် တည်ခင်း ဧည့်ခံကာ အမှတ်တရလက်ဆောင်များ မဲဖောက်ပေးခဲ့ပြီး သူတို့နှစ်ဦးရဲ့ မင်္ဂလာဧည့်ခံပွဲကို ဒီဇင်ဘာလမှာ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။ 


