ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၄ နာရီ ၃၂ မိနစ်ခန့်ကမန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ၁၁၈ လမ်းနှင့် ၆၂ လမ်းထောင့်၊ (ဂ)ရပ်ကွက်ရှိ နှစ်ထပ်အဆောက်အအုံ၏ အောက်ထပ်တွင် လျှပ်စစ်ပစ္စည်းများထားသည့်အခန်း၌ ဂျပ်ဖာပုံးများအနီး ခြင်ဆေးခွေထွန်းအိပ်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရပါတယ်။မီးလောင်မှုမှာ ၁၇ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး လျှပ်စစ်ပစ္စည်းများနှင့် လျှပ်စစ်ပစ္စည်းများထားရှိသည့် အခန်းမှ တံခါးများ မီးလောင်ခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါမီးလောင်မှုကြောင့် အသက် ၂၅ နှစ်အရွယ် အမျိုးသားကို ပြည်ကြီးတံခွန်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားခံရပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ၁၁၈ လမ်းနှင့် ၆၂ လမ်းထောင့်၊ (ဂ)ရပ်ကွက်ရှိ နှစ်ထပ်အဆောက်အအုံ၏ အောက်ထပ်တွင် မီးလောင်မှုဖြစ်ပွားရာအမှုဖွင့်ခံရ
Feb 26 • 7:40 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 31 | 0 | 0 | 0 |


