back

တနင်္သာရီတိုင်းဒေသကြီးတွင် မြိတ်မြို့ ခြောက်တခင်းရွာ ဘုရင့်နောင်လမ်းမကြီး၊ Ready Home Co.,Ltd ၏ ဂိုဒေါင် တစ်လုံးအတွင်းမှ တရားဝင်တင်သွင်းခွင့် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း နှစ်မျိုးဖမ်းမိခဲ့

Feb 26 • 3:08 AM

breaking-news

မြန်မာ

တနင်္သာရီ

breaking-news
cover

တနင်္သာရီတိုင်းဒေသကြီးတွင် မြိတ်မြို့ ခြောက်တခင်းရွာ ဘုရင့်နောင်လမ်းမကြီး၊ Ready Home Co.,Ltd ၏ ဂိုဒေါင် တစ်လုံးအတွင်းမှ တရားဝင်တင်သွင်းခွင့် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း နှစ်မျိုးဖမ်းမိခဲ့

ဖေဖော်ဝါရီ ၂၄ ရက်တွင်တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရ...

ဖေဖော်ဝါရီ ၂၄ ရက်တွင်တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်မြို့ ခြောက်တခင်းရွာ ဘုရင့်နောင်လမ်းမကြီး၊ Ready Home Co.,Ltd ၏ ဂိုဒေါင် တစ်လုံးအတွင်းမှ တရားဝင်တင်သွင်းခွင့် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆,၅၀၀,၀၀၀) ကိုလည်းကောင်း၊ ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် မြေနီလမ်းရှိ ကမ်းနားဆိပ်၌ စုပုံထားသော အကောက်ခွန်မဲ့ လူသုံးကုန်ပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈,၇၅၀,၀၀၀) ကို လည်းကောင်း၊ ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် ဦးအောင်ဇေယျ (၃) လမ်း အမှတ် (၁၅၉၆) ရှိ ဂိုဒေါင်တစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂,၅၈၀,၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁,၃၇,၈၃၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိပါတယ်။

news-view-count-icon

15