back

မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်အတွင်း၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီဂါလန် ၈၁၀ဖမ်းမိခဲ့

Feb 26 • 3:09 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်အတွင်း၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီဂါလန် ၈၁၀ဖမ်းမိခဲ့

ဖေဖော်ဝါရီ ၂၄ ရက်တွင်မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ...

ဖေဖော်ဝါရီ ၂၄ ရက်တွင်မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အမရပူရမြို့နယ်အတွင်း၌ တရားမဝင် စက်သုံးဆီဒီဇယ်ဆီဂါလန် ၈၁၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁,၁၂၀,၉၇၀)၊ ချမ်းမြသာစည်မြို့နယ်အတွင်း ၌ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီဂါလန် ၂၁၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၇၀၀,၉၄၅)၊ အောင်မြေသာစံမြို့နယ်အတွင်း၌ တရားမဝင်စက်သုံးဆီ ဓာတ်ဆီ ၁၇၄ ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၂၃,၃၄၈) နှင့် ရွှေကျင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ ၂၅၅ ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၉၈၁,၆၁၁) တို့ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရလည်းကောင်း၊ ပြင်ဦးလွင်မြို့နယ် တောင်ပြိုကျေးရွာ၌ တရားမဝင် အခြားသစ် ၂ ဒသမ ၁၀၀ တန်နှင့် ဆက်စပ်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂၀,၀၀၀)နှင့် ပုသိမ်ကြီးမြို့နယ် ရွှေကျင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင် မီးသွေး ၉ ဒသမ ၄၄၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၈,၈၈၈)၊ အဆိုပါ မီးသွေးများ တင်ဆောင်လာသည့် Toyota Dyna တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈,၀၀၀,၀၀၀) တို့ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၉,၃၃၅,၇၆၂ ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိပါတယ်။



news-view-count-icon

20