ဖေဖော်ဝါရီ ၂၄ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နမ္မတီးမြို့ မြို့အဝင်ဆိုင်းဘုတ်အနီး၌ မိုးကောင်းမြို့မှ မြစ်ကြီးနားမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်လေးစီးနှင့် မော်တော်ဆိုင်ကယ် သုံးစီးတို့ဖြင့် သယ်ဆောင်လာသည့် တရားမဝင် စက်သုံးဆီဒီဇယ်ဆီ ၇၂၈ ဂါလန်၊ ဓာတ်ဆီ ၇၃၂ ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉,၈၀၀,၀၀၀) နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် လိုင်စင်မဲ့မော်တော်ယာဉ်လေးစီးနှင့် မော်တော်ဆိုင်ကယ်သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇,၇၀၀,၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၇,၅၀၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါတယ်။
ကချင်ပြည်နယ်၊နမ္မတီးမြို့ မြို့အဝင်ဆိုင်းဘုတ်အနီး၌ မိုးကောင်းမြို့မှ မြစ်ကြီးနားမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်လေးစီးနှင့် မော်တော်ဆိုင်ကယ် သုံးစီးတို့ဖြင့် သယ်ဆောင်လာသည့် တရားမဝင် စက်သုံးဆီဒီဇယ်ဆီ ၇၂၈ ဂါလန်၊ ဓာတ်ဆီ ၇၃၂ ဂါလန်များဖမ်းမိခဲ့
Feb 26 • 2:51 AM
မြန်မာ
ကချင်
မျှဝေမည်
| 17 | 0 | 0 | 0 |


