ဖေဖော်ဝါရီ ၂၅ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ၊တိုက်ကြီးမြို့နယ် ဥက္ကံကံကုန်းကျေးရွာရှိ သံဃာတော်လေးပါးနှင့် ဒေသခံပြည်သူ ၁၂၃ ဦးတို့အား အဆိုပါကျေးရွာရှိ အောင်မြေကံကျောင်းတိုက်၌လည်းကောင်း၊ လှည်းကူးမြို့နယ် ဂွေးတောင်အိုင်ကျေးရွာရှိ သံဃာတော်ခြောက်ပါးနှင့် ဒေသခံပြည်သူ ၁၀၃ဦးတို့အား အဆိုပါကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌လည်းကောင်း ရန်ကုန်တိုင်းရှိ နယ်လှည့်ဆေးကုသရေးအဖွဲ့များက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါတယ်။ ဆေးကုသရေးအဖွဲ့များက သံဃာတော်များနှင့် ဒေသခံပြည်သူများအား အရိုးအကြောရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ပြုလုပ်ပေးခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့နယ်နှင့် လှည်းကူးမြို့နယ်တို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့
Feb 26 • 2:25 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 12 | 0 | 0 | 0 |


