back

မလေးရှားနိုင်ငံတွင် ဂက်စ်အိုးပေါက်ကွဲ၍ သေဆုံးသွားသော မြန်မာအလုပ်သမားကို မီးသင်္ဂြိုဟ်ခဲ့

Feb 26 • 2:22 AM

breaking-news

မြန်မာ

ပြည်ပ

cover

မလေးရှားနိုင်ငံတွင် ဂက်စ်အိုးပေါက်ကွဲ၍ သေဆုံးသွားသော မြန်မာအလုပ်သမားကို မီးသင်္ဂြိုဟ်ခဲ့

ဖေဖော်ဝါရီ၂၅.၂.၂၀၂၅ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ဆလန်းကောပြည်နယ်၊ တလုပ်ကုန်ရပ်ကွက်ရှိ ပလတ်စတစ်စက်ရုံတွင် ဂက်စ်အိုးပေါက်ကွဲ၍ သေဆုံးခဲ့သည့် မြန်မာအလုပ်သမားကို သင်္...

ဖေဖော်ဝါရီ၂၅.၂.၂၀၂၅ရက်နေ့တွင်

မလေးရှားနိုင်ငံ၊ ဆလန်းကောပြည်နယ်၊ တလုပ်ကုန်ရပ်ကွက်ရှိ ပလတ်စတစ်စက်ရုံတွင် ဂက်စ်အိုးပေါက်ကွဲ၍ သေဆုံးခဲ့သည့် မြန်မာအလုပ်သမားကို သင်္ဂြိုဟ်ပြီးစီးခဲ့ကြောင်း မလေးရှားနိုင်ငံ မြန်မာလူမှုကူညီရေးအသင်းက သိရပါတယ်။အဆိုပါသေဆုံးသူမှာ မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ဂုံမင်းအရှေ့ကွင်းကျေးရွာ၌ နေထိုင်သူ အသက် ၃၀ အရွယ် ကိုထက်လင်းရှိန်း ဖြစ်ပြီး မလေးရှားနိုင်ငံတွင် ဆလန်းကောပြည်နယ် တလုပ်ကုန်းရပ်ကွက် ပလပ်စတစ်စက်ရုံတွင် အလုပ်လုပ်နေစဉ် လုပ်ငန်းခွင်အတွင်း ဖေဖော်ဝါရီလ ၁၇ ရက်က ရုတ်တရက်ဂတ်စ်အိုးပေါက်ကွဲမှုကြောင့်သေဆုံးရခြင်းဖြစ်ပါတယ်။




news-view-count-icon

12