မြန်မာ့မီးရထားမှDEMU ရထားနှင့် လေအိတ်ရထားများအား နေပြည်တော်ဘူတာတွင် ရထားပြောင်းစီးရမည်ဖြစ်ကာရန်ကုန်-မန္တလေး ခရီးစဉ်တစ်လျှောက် ပဲခူး၊ ဖြူး၊ တောင်ငူ၊ နေပြည်တော်၊ သာစည်ဘူတာတို့၌ ရပ်တန့်ပေးမည့်ခရီးစဉ်အစအဆုံး ဘူတာများတွင် ရပ်တန့်ချိန်များ အပါအဝင် ပြေးဆွဲချိန် ၁၁ နာရီ ကြာမြင့်မည်ဖြစ်ပါတယ်။အမှတ် (၇) အဆန် DEMU ရထားသည် နံနက် ၆ နာရီတွင် ရန်ကုန်ဘူတာမှ စတင်ထွက်ခွာရာ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ဘူတာသို့ ဆိုက်ရောက်မည်။ရန်ကုန်-နေပြည်တော်လမ်းပိုင်းတွင် DEMU ရထားပြေးဆွဲချိန် ၅ နာရီခွဲ ကြာမြင့်မည်။အမှတ် (၂၇) အဆန် လေအိတ်ရထားသည် မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ဘူတာမှ စတင်ထွက်ခွာ၍ မန္တလေးဘူတာသို့ ညနေ ၅ နာရီတွင် ဆိုက်ရောက်မည်။အမှတ်(၂၈) အစုန် လေအိတ်ရထားသည် နံနက် ၆ နာရီတွင် မန္တလေးဘူတာမှ စတင်ထွက်ခွာပြီး နံနက် ၁၁ နာရီတွင် နေပြည်တော်ဘူတာသို့ ဆိုက်ရောက်ဖြစ်မည်ကာအမှတ်(၈) အစုန် DEMU ရထားသည် မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ဘူတာမှ စတင်ထွက်ခွာ၍ ညနေ ၅ နာရီခွဲတွင် ရန်ကုန်ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်ပါတယ်။
Feb 26 • 1:57 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 33 | 0 | 0 | 0 |


