back

မန္တလေးတိုင်း၊ကျောက်ပန်းတောင်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ နဲ့အတူသယ်ယူပို့‌ဆောင်သူများအားဖမ်းဆီးရမိခဲ့

Feb 26 • 2:26 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေးတိုင်း၊ကျောက်ပန်းတောင်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ နဲ့အတူသယ်ယူပို့‌ဆောင်သူများအားဖမ်းဆီးရမိခဲ့

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၄ နာရီ ခွဲတွင် မန္တလေးတိုင်း၊ကျောက်ပန်းတောင်းမြို့ အော...

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၄ နာရီ ခွဲတွင် မန္တလေးတိုင်း၊ကျောက်ပန်းတောင်းမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ ကားဂိတ်တွင်မော်တော်ဆိုင်ကယ် တစ်စီးနှင့်အတူ ပါဆယ်ပစ္စည်း လာရောက်ထုတ်ယူသူ မျိုးမင်းဦးအား သတင်းအရ ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၉,၇၀၀ (တစ်ပြားလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေ ၅၉၄ သိန်း) သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၄ နာရီခွဲတွင် ကျောက်ပန်းတောင်းမြို့ သာယာအေးရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ အေးလွင်အား ဆက်လက်ဖမ်းဆီးရမိခဲ့ပါတယ်။



news-view-count-icon

26