back

မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ် (၁၂)ခုတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်နိုင်

Feb 25 • 4:40 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ် (၁၂)ခုတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်နိုင်

လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေ၍ ယနေ့မှ ဖေဖော်ဝါရီ ၂၇ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၁၂)ခုတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်နိုင်ပါ...

လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေ၍ ယနေ့မှ ဖေဖော်ဝါရီ ၂၇ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၁၂)ခုတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်နိုင်ပါသည်။ လေဖိအားနည်းရပ်ဝန်းအရှိန်၊ ပင်လယ်အတွင်းမှလာသော အပူပျံတက်တိမ်တိုက်များ ပိုမိုဖြစ်ထွန်းမှု၊ အရှေ့ဘက်မှလာသော လေပွေလှိုင်းများတို့ကြောင့် ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်မှ ဖေဖော်ဝါရီ ၂၇ ရက်အတွင်း ရန်ကုန်တိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် ချိန်ခါမဟုတ် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး နေရာကွက်၍ မိုးကြီးခြင်း၊ နေရာကွက်၍ မိုးသည်းထန်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။


news-view-count-icon

25