ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ ပြည်သူ့ဆေးရုံအား ကျပ်သိန်း (၄,၀၀၀) ခန့်ကုန်ကျခံ၍ ဆိုလာလျှပ်စစ်မီးပေးဝေရေးစနစ် ဆောင်ရွက်သွားမည်ဖြစ်သည်။ ဆိုလာလျှပ်စစ်မီးပေးဝေရေးစနစ်အား မြဝတီမြို့နေ စေတနာအလှူရှင်များထည့်ဝင်မှုဖြင့် မြဝတီဖောင်ဒေးရှင်းမှ ဦးဆောင်၍ အကောင်ထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး၊ Solar Pannel 240 Nos Inverter 100 KW Deye HV Battery 3 Set 180 KW ကို တပ်ဆင်အသုံးပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။



