ထိုင်းနိုင်ငံ ဖူးခက်ကျွန်းတွင် တရားမဝင်နိုင်ငံခြားသားလုပ်သားများ များပြားလာမှုကြောင့် ဖူးခက်အစိုးရအရာရှိများသည် ဤပြဿနာကို ဖြေရှင်းရန် တင်းကျပ်သော လုပ်ငန်းစဉ်များ စတင်ဆောင်ရွက်မည်ဟုသိရသည်။ ကမလာဒေသတွင် မြန်မာလုပ်သားများက ကျောင်းသားများအား နှိပ်စက်သည်ဟု စွပ်စွဲချက်များ၊ ဝီချိတ်ဒေသတွင် ဆူညံသောစုဝေးမှုများနှင့် ရွှေ့ပြောင်းလုပ်သားများကြား မူးယစ်ဆေးသုံးစွဲမှုများကို ဖြေရှင်းရန် အစီအစဥ်များကို ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ဆွေးနွေးခဲ့သည်။ ဖူးခက်တွင် တရားဝင်နိုင်ငံခြားသားလုပ်သား ၉၇,၅၆၉ ဦးရှိပြီး၊ အများစုမှာ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံသားများ ဖြစ်သည်။



