ယနေ့ ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဝမ်လုံး၊ လွယ်စတုံအောက်ရွာ၊ မြသိန်းတန်လမ်း၊ ထွန်းဝပ်ရှော့တွင် Honda ရေစုပ်စက်ဖြင့် ဒီဇယ်ဆီဖလှယ်ရာမှ ဆီဘောက်ဆာကား မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ မီးလောင်မှုကြောင့် ဆီဘောက်ဆာကားနောက်ပိုင်းကိုယ်ထည်နှင့် အခင်းဖြစ်နေရာအနီးရှိ တာယာများ မီးလောင်ကျွမ်းပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း သိရသည်။



