back

Apple သည် အမေရိကန်တွင် ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၅၀၀ ဘီလီယံ သုံးစွဲမည်

Feb 25 • 2:05 PM

breaking-news

မြန်မာ

ပြည်ပ

cover

Apple သည် အမေရိကန်တွင် ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၅၀၀ ဘီလီယံ သုံးစွဲမည်

Apple သည် လာမည့် ၄ နှစ်အတွင်းမှာ အမေရိကန်တွင် ရင်းနှီးမြှုပ်နှံမှုကန်ဒေါ်လာ ၅၀၀ ဘီလီယံ သုံးစွဲမည်ဟု တနင်္လာနေ့ (ဖေဖော်ဝါရီ ၂၄)တွင် ပြောကြားခဲ့သည်။ Apple စီအီးအိ...

Apple သည် လာမည့် ၄ နှစ်အတွင်းမှာ အမေရိကန်တွင် ရင်းနှီးမြှုပ်နှံမှုကန်ဒေါ်လာ ၅၀၀ ဘီလီယံ သုံးစွဲမည်ဟု တနင်္လာနေ့ (ဖေဖော်ဝါရီ ၂၄)တွင် ပြောကြားခဲ့သည်။ Apple စီအီးအို Tim Cook သည် အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် နှင့် ပြီးခဲ့သည့် သီတင်းပတ်က တွေ့ဆုံခဲ့ပြီးနောက် ၎င်းကြေညာချက် ထုတ်ပြန်ခြင်း ဖြစ်သည်။ အဆိုပါ အသုံးစရိတ်လျာထားချက် ကန်ဒေါ်လာ ၅၀၀ ဘီလီယံတွင် Apple TV+ ဝန်ဆောင်မှုအတွက် အမေရိကန် ရုပ်မြင်သံကြားရှိုးများနှင့် ရုပ်ရှင်များ ရိုက်ကူးခြင်း၊ အမေရိကန်မှ ပစ္စည်းပေးသွင်းသူများထံမှ ဝယ်ယူမှုများ စသည်တို့လည်း ပါဝင်သည်။


news-view-count-icon

16