မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ၂ဝ၂၅ ခုနှစ်၊ မတ်လ ၃ ရက်မှ စတင်ပြီး ကျောင်းသား၊ ကျောင်းသူများအား ကျောင်းပိတ်ရက်နွေရာသီကာလအတွင်း၌ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ပညာရေးကို အမြဲမပျက်ဆည်းပူးလေ့လာမှုရှိစေရန်စတဲ့ ရည်ရွယ်ချက်များဖြင့် ၂ဝ၂၄-၂ဝ၂၅ ခုနှစ်အတွင်း လူငယ်များဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူဖြစ်စေမည့် နွေရာသီသင်တန်းများအား အခမဲ့ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်းနှင့် ပန်းချီသင်တန်းတို့ကို မတ်လ ၃ ရက်မှ စတင် ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ပါသည်။



