ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) နှင့် အားကစားနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ မြန်မာနိုင်ငံရှိ အခြေခံပညာသင်ကျောင်းများတွင် (Football For School) ပရိုဂရမ် စီမံကိန်းအဖြစ် အခြေခံဘောလုံးပညာရပ်များကို ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပေးသွားမည်ဖြစ်သည်။ အဆိုပါစီမံကိန်းကို လာမည့် ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်မှစတင်ကာ အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပြီး ဘောလုံးအခြေခံနည်းစနစ်များပါဝင်သည့် အပလီကေးရှင်းများကို ကျောင်းများတွင် ဖြန့်ဝေကာ နည်းပြ ဆရာ၊ ဆရာမများက ကာယအချိန်များတွင် သင်ကြားပေးရန် စီစဉ်လုပ်ဆောင်နေခြင်းဖြစ်သည်။



