မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ရိုးရာသနပ်ခါးအလှ လိမ်းချယ်ပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲကို ပဲခူးတိုင်းဒေသကြီး၊ ရွှေမော်ဓောဘုရားလမ်း၊ ကားပါကင်နေရာတွင် မတ်လ (၈) ရက်မှ (၁၄) ရက်အထိ ညနေ (၄) နာရီမှ ည (၁၀) နာရီအထိကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ယင်းပြိုင်ပွဲနှင့်အတူ ရိုးရာအားကစားနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများလည်း ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။



