back

ကွင်းအတွင်း လဲကျခဲ့သည့် မွိုက်စ်ကိန်း ဆေးရုံတင်ထားရ

Feb 25 • 1:56 PM

breaking-news

မြန်မာ

ပြည်ပ

cover

ကွင်းအတွင်း လဲကျခဲ့သည့် မွိုက်စ်ကိန်း ဆေးရုံတင်ထားရ

ဗီရိုနာအသင်းနဲ့ပွဲမှာ ကွင်းအတွင်း လဲကျခဲ့တဲ့ ဖီအိုရင်တီးနားတိုက်စစ်မှူး မွိုက်စ်ကိန်းကို ဆေးရုံတင်ထားပြီး ဆေးစစ်တာတွေ ပြုလုပ်ရမှာ ဖြစ်တယ်လို့ ဖီအိုရင်တီးနားအသင်...

ဗီရိုနာအသင်းနဲ့ပွဲမှာ ကွင်းအတွင်း လဲကျခဲ့တဲ့ ဖီအိုရင်တီးနားတိုက်စစ်မှူး မွိုက်စ်ကိန်းကို ဆေးရုံတင်ထားပြီး ဆေးစစ်တာတွေ ပြုလုပ်ရမှာ ဖြစ်တယ်လို့ ဖီအိုရင်တီးနားအသင်းက ကြေညာခဲ့ပါတယ်။ အဲဗာတန်နဲ့ ဂျူဗင်တပ် အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ မွိုက်စ်ကိန်းဟာ ပွဲချိန် ၅၈ မိနစ်မှာ ဗီရိုနာနောက်ခံလူနဲ့ ဘောလုံးယှဉ်လုရင်း ပြိုင်ဘက်ရဲ့ဒူးနဲ့ ထိခိုက်မိခဲ့လို့ ဆေးကုသမှု ခံယူခဲ့ရတာပါ။ ဆေးကုသမှုခံယူပြီးနောက် မွိုက်စ်ကိန်း ပြန်လည် ကစားနိုင်ခဲ့ပေမယ့် ၆၄ မိနစ်အရောက်မှာတော့ ကွင်းအတွင်း လဲကျခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် အရေးပေါ် အသက်ကယ်တာတွေ ပြုလုပ်ပေးခဲ့ပြီး လူနာတင်ယာဉ်နဲ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်။


news-view-count-icon

16