ရုရှား၊ ယူကရိန်း စစ်ပွဲ ၃ နှစ်မြောက်နှစ်ပတ်လည်အဖြစ်ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် အမေရိကန်နှင့် ရုရှား တစ်ဖက်တည်း ရပ်တည်ခဲ့သည်။ ဥရောပသမဂ္ဂမှ ဦးဆောင်တင်သွင်းခဲ့သည့် ရုရှားနိုင်ငံအား ရှုံ့ချမှုအဆိုတွင် အမေရိကန် ရုရှားနှင့် အစ္စရေးနိုင်ငံများက ကန့်ကွက်ခဲ့ကြသည်။ အဆိုပါအဆိုအား ဥရောပနိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများမှ ထောက်ခံခဲ့ပြီး တရုတ် အိန္ဒိယနှင့် အီရန် ဆော်ဒီအာရေဗျနိုင်ငံများမှ ကြားနေခဲ့သည်။ မဲခွဲဆုံးဖြတ်မှုတွင် ၉၃ နိုင်ငံက ထောက်ခံခဲ့ပြီး ကြားနေ ၆၅ နိုင်ငံနှင့် ၁၈ နိုင်ငံက ကန့်ကွက်မဲပေးခဲ့ခြင်းကြောင့် အဆိုအောင်မြင်ခဲ့ကြောင်းသိရသည်။



