အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်ရှိ တောအုပ်တစ်ခုအနီးပျောက်ဆုံးနေသော ဗြိတိန်နိုင်ငံသား၏ ရုပ်ကြွင်းကို ပုဂ္ဂလိကပိုင်သစ်တောဧရိယာတစ်ခုတွင် တွေ့ရှိခဲ့သည်။ Alex Hodgson Doughty အမည်ရှိ ဗြိတိန်အမျိုးသားသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ဘားတစ်ခုမှ တက္ကစီဖြင့် ထွက်ခွာလာပြီးနောက် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။ အဆိုပါ အမျိုးသား ရုပ်ကြွင်းများတွေ့ရှိရာ တောင်ဘက် 35 မိုင်ခန့်အကွာ ဖလော်ရီဒါပြည်နယ် ဂျက်ဆင်ဗီးလ်သို့ သွားရောက်ခဲ့ကြောင်း FBI မှထုတ်ပြန်ကြေညာခဲ့သည်။ FBI သည် သေဆုံးရသည့် အကြောင်းအရာအား တစ်စုံတရာ ထုတ်ဖော်ပြောဆိုခြင်းမရှိသည့်အပြင် ရှာဖွေတွေ့ရှိမှုအသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်းမရှိသလို “ရာဇ၀တ်မှုဆိုင်ရာ စွဲချက်တင်ဖွယ်မရှိ”ကြောင်း ထုတ်ပြန်ထားသည်။



