back

Epson ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် After-Sales Service ဝန်ဆောင်မှု စတင်

Feb 25 • 1:50 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

Epson ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် After-Sales Service ဝန်ဆောင်မှု စတင်

Epson ပရင်တာ ကုမ္ပဏီသည် ၎င်း၏ ထုတ်ကုန်များကို အသုံးပြုသူများသုံးစွဲရာတွင် အဆင်ပြေလွယ်ကူပြီး အတွေ့အကြုံပိုမိုကောင်းမွန်စေရန်အတွက် မြန်မာနိုင်ငံတွင် After-Sales S...

Epson ပရင်တာ ကုမ္ပဏီသည် ၎င်း၏ ထုတ်ကုန်များကို အသုံးပြုသူများသုံးစွဲရာတွင် အဆင်ပြေလွယ်ကူပြီး အတွေ့အကြုံပိုမိုကောင်းမွန်စေရန်အတွက် မြန်မာနိုင်ငံတွင် After-Sales Service ဝန်ဆောင်မှု စတင်လိုက်ပြီဖြစ်သည်။ ထိုသို့ ပြုလုပ်ခြင်းမှာ တနည်းအားဖြင့် မြန်မာနိုင်ငံဈေးကွက်တွင် ရရှိနေသည့် အနေအထားကို ပိုမိုခိုင်မာစေရန်အတွက်လည်းဖြစ်သလို ကမ္ဘာတစ်ဝန်း နိုင်ငံ၁၇၀ ကျော်တွင် ပရင်တာအလုံးသန်း ၁၀၀ကျော် ရောင်းချနိုင်ခဲ့သော ထူးခြားသည့် အောင်မြင်မှုကြီးကလည်း EcoTank ပရင်တာစီးရီးအပေါ် ယုံကြည်မှု အားကောင်းခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။ Epson မှ မြန်မာနိုင်ငံတွင်တရားဝင်ခန့်အပ်ထားသော တရားဝင်ဖြန့်ဖြူးရေးနှင့်ဝန်ဆောင်မှုပေးရေး ကုမ္ပဏီမှာ Client Focus Technology Group Co.,Ltd(CFTG)ဖြစ်ပြီး ၎င်းသည် ရန်ကုန်၊နေပြည်တော်နှင့်မန္တလေးတို့တွင် ဝန်ဆောင်မှုစင်တာများ ဖွင့်လှစ်ဆောင်ရွက်ပေးလျှက်ရှိသည်။


news-view-count-icon

13