back

မလေးရှားတွင် လောင်စာဆီ ၂၀% ပါသည့် ဇီဝဒီဇယ်ဆီကို သုံးစွဲရန် အစီအစဉ်မရှိကြောင်း ကြေညာ

Feb 25 • 1:49 PM

breaking-news

မြန်မာ

ပြည်ပ

cover

မလေးရှားတွင် လောင်စာဆီ ၂၀% ပါသည့် ဇီဝဒီဇယ်ဆီကို သုံးစွဲရန် အစီအစဉ်မရှိကြောင်း ကြေညာ

မလေးရှားတွင် စားအုန်းဆီ အခြေပြု လောင်စာဆီ ၁၀% ပါဝင်သည့် ဇီဝဒီဇယ်ဆီကို အသုံးပြုလျက်ရှိပြီး ၂၀% ပါသည့် ဇီဝဒီဇယ်ဆီကို သုံးစွဲရန် အစီအစဉ်မရှိကြောင်း စိုက်ခင်းနှင့် ...

မလေးရှားတွင် စားအုန်းဆီ အခြေပြု လောင်စာဆီ ၁၀% ပါဝင်သည့် ဇီဝဒီဇယ်ဆီကို အသုံးပြုလျက်ရှိပြီး ၂၀% ပါသည့် ဇီဝဒီဇယ်ဆီကို သုံးစွဲရန် အစီအစဉ်မရှိကြောင်း စိုက်ခင်းနှင့် ကုန်စည်ပို့ဆောင်ရေးဝန်ကြီး Johari Abdul Ghani က ပြောကြားခဲ့သည်။ တစ်နိုင်ငံလုံးအနေဖြင့် ၁၀%မှ ၂၀% သို့ တိုးမြှင့်မည်ဆိုပါက ရင်းဂစ် ၆၄၃ သန်း (ကန်ဒေါ်လာ ၁၄၆ သန်း) ရင်းနှီးမြှုပ်နှံရန် လိုအပ်မည် ဖြစ်သည်။ ထို့အတွက် ရန်ပုံငွေ အဆင်သင့် မဖြစ်သေးဟု ပြောကြားထားသည်။ မလေးရှားသည် လက်ရှိတွင် တနိုင်ငံလုံးအနေဖြင့် ၁၀% ဇီဝဒီဇယ်ကို ပြဌာန်းထားသည်။ ၂၀% ဇီဝဒီဇယ်ကို လာဘန်း၊ လန်ကာဝီး ပြည်နယ်များတွင် ပြဋ္ဌာန်းထားသည်။ ဆာရာဝပ်ပြည်နယ်တွင် ဘင်တူလူးမှအပ အခြားနေရာများတွင် ပြဋ္ဌာန်းထားသည်။ အင်ဒိုနီးရှားသည် ၄၀% ဇီဝဒီဇယ်ဆီကို ယခုနှစ်တွင် စတင်ပြဋ္ဌာန်းသည်။


news-view-count-icon

26