back

တာချီလိတ်မြို့တွင် မိုးအနည်းငယ်သာရွာသွန်းသော်လည်း မြို့လမ်းများရေလျှံ

Feb 25 • 10:38 AM

breaking-news

မြန်မာ

ရှမ်း

cover

တာချီလိတ်မြို့တွင် မိုးအနည်းငယ်သာရွာသွန်းသော်လည်း မြို့လမ်းများရေလျှံ

ယမန်နှစ် မိုးရာသီတွင် ရေကြီးရေလျှံမှုကြောင့် လူ ၁၁ ဦးသေဆုံးခဲ့သည့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၌ ယမန်နေ့ (ဖေဖော်ဝါရီ ၂၄) မိုးအနည်းငယ်သာရွာသွန်းသော်လည်...

ယမန်နှစ် မိုးရာသီတွင် ရေကြီးရေလျှံမှုကြောင့် လူ ၁၁ ဦးသေဆုံးခဲ့သည့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၌ ယမန်နေ့ (ဖေဖော်ဝါရီ ၂၄) မိုးအနည်းငယ်သာရွာသွန်းသော်လည်း ရေမြောင်းများ ပိတ်ဆို့မှုကြောင့် မြို့လမ်းများတွင် ရေလျှံမှု ဖြစ်ပေါ်ခဲ့သည်။လမ်းဘေးရေမြောင်းများတွင် အမှိုက်နှင့် ရွှံနွံများပိတ်ဆို့နေမှုကြောင့် မိုးရွာသွန်းချိန်တွင် ရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ “ခုချိန်ထဲကပဲ ချောင်းမြောင်းများကို ကြိုတင်ရှင်းလင်းထားရန် လိုအပ်ပြီး မဟုတ်ပါက မိုးတွင်းကာလတွင် ယမန်နှစ်ထက်ပိုမိုဆိုးရွားနိုင်သည်” ဟု မြို့ခံတစ်ဦးက ပြောသည်။ယမန်နှစ်၊ စက်တင်ဘာလက တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှုကြောင့် လူ ၁၁ ဦး သေဆုံးခဲ့ပြီး မိုးရွာသွန်းမှုနှင့်တပြိုင်နက် ရေမြောင်းပိတ်ဆို့မှုများကြောင့် ရေလွှမ်းမိုးမှု ခံစားခဲ့ရသည်။


news-view-count-icon

19