မန်စီးတီးအသင်းကို အနိုင်ရပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံဆုရဖို့ အလွန်နီးစပ်ခဲ့ပြီဖြစ်ပေမယ့် လက်ကျန်ပွဲတွေကို အာရုံစိုက်ပြီး အကောင်းဆုံးကြိုးစားကြဖို့ လီဗာပူးတိုက်စစ်မှူး ဆာလက်ရှ်က တိုက်တွန်းလိုက်ပါတယ်။ မန်စီးတီးအသင်းကို အနိုင်ရခဲ့တဲ့ လီဗာပူးအသင်းဟာ ဒုတိယနေရာက အာဆင်နယ်အသင်းထက် တစ်ပွဲပို ကစားထားပြီး ၁၁ မှတ်ဖြတ်ထား နိုင်လိုက်တာဖြစ်ပါတယ်။ ဆာလက်ရှ်၊ ဗန်ဒိုက်ချ်နဲ့ အာနိုးတို့ဟာ အခုရာသီအကုန်မှာ လီဗာပူးအသင်းနဲ့ စာချုပ်ပြည့်မှာဖြစ်ပြီး အခုချိန်ထိ စာချုပ်သစ် မချုပ်ဆိုနိုင်သေးတာ ဖြစ်ပါတယ်။ ဆာလက်ရှ်ကတော့ အခုချိန်မှာ စာချုပ်သစ်ကိစ္စဆို တာထက် ပွဲတွေအပေါ်မှာပဲ အာရုံစိုက်ထားပြီး အခုဘောလုံးရာသီက သူ့အတွက် အကောင်းဆုံးရာသီတစ်ခု ဖြစ်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။



