ဆန်းတို့စ်အသင်းဥက္ကဋ္ဌ တိုင်ဇီရာက နေမာဟာ အသင်းမှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်အထိ ဆက်ရှိမယ့် စာချုပ်ကို သက်တမ်းတိုးနိုင်မယ်လို့ ယုံကြည်မှုရှိကြောင်း ပြောခဲ့ပါတယ်။ တိုင်ဇီရာက “နေမာ ရောက်ရှိလာတာနဲ့အတူ ကျနော်တို့မှာ အဖွဲ့ဝင် ၇၅,၀၀၀ ရှိပါတယ်။ ဒီနေ့မှာ ကျနော်တို့ဟာ နည်းပညာဆိုင်ရာကဏ္ဍနဲ့ ဆက်စပ်နေတဲ့အရာကို တိုင်းတာနိုင်ပြီး ဒါက ငွေကြေးဆိုင်ရာကဏ္ဍကို ကိုယ်စားပြု တာပါ။ ငွေကြေးနဲ့ဆိုင်တဲ့ ရည်မှန်းချက်အားလုံးဟာ ကျနော်တို့ အရင်က ခန့်မှန်းထားတာထက် တိုးလာမှာ ဖြစ်ပါ တယ်။ အားလုံးအဆင်ပြေရင် ဒီပူးပေါင်းဆောင်ရွက်မှုကို နောက်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအထိ တိုးချဲ့သွားမှာပါ”လို့ ပြောခဲ့တာပါ။



