မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့၊ ကျောက်ဖူးရပ်ကွက်မှာရှိတဲ့ မိတ္တီလာ- ကျောက်ပန်းတောင်းကားလမ်းဘေး အမှိုက်ပုံအတွင်းကနေ ကြွတ်ကြွတ်အိပ်နဲ့ထုတ်ပိုးပြီး စွန့်ပစ်ထားတဲ့ အိမ်သုံးလျှပ်စစ်မီတာ (၂)လုံးကို ပလုံကောက်သူတစ်ဦးက ဖေဖော်ဝါရီ ၂၂ ရက် မနက်ပိုင်းက တွေ့ရှိခဲ့တာကြောင့် ရပ်ကွက်တာဝန်ရှ်ိသူထံ အပ်နှံပေးခဲ့ပါတယ်။ အကယ်၍ မိမိမြို့နယ်ရပ်ကွက်/ ကျေးရွာတွေမှာ ေမီတာတွေ ပျောက်ဆုံးမှုရှ်ိခဲ့မယ်ဆိုရင် သက်ဆိုင်ရာနယ်မြေခံရဲစခန်းနဲ့ မြို့နယ်လျှပ်စစ်ဌာနတွေဆီ အကြောင်းကြားဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။



