မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူပြီး မပေးဆပ်သည့် ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များ၏ အမည်များကို နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ထုတ်ပြန်ထားသည်။၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ အတိုးအရင်း မပေးဆပ်သေးသော ကုမ္ပဏီ/လုပ်ငန်း အရေအတွက်သည် ၄၈၆ ခုရှိကြောင်း သိရှိရသည်။ လုပ်ငန်းကော်မတီသည် ၂၀၂၀ ခုနှစ် ဧပြီလမှ စတင်ကာ ချေးငွေများ ထုတ်ပေးခဲ့ပြီး ချေးငွေသက်တမ်း ၃ နှစ် ပြည့်မြောက်ကျော်လွန်သည့်အတွက် ၂၀၂၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ အတိုးနှင့်အတူ ပေးဆပ်ရန် အသိပေးခဲ့သည်။အချိန်မီ မပေးဆပ်ပါက နောက်ထပ် အရေးယူမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရှိရသည်။



