back

ပဲတီစိမ်းဆွတ်ခူးချိန် လုပ်အားခဈေး မြင့်တက်နေ

Feb 25 • 9:44 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပဲတီစိမ်းဆွတ်ခူးချိန် လုပ်အားခဈေး မြင့်တက်နေ

ပဲတီစိမ်းဆွတ်ခူးရာသီကို ရောက်ရှိနေတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ခရမ်းနဲ့ သုံးခွမြို့နယ်တွေမှာ ပဲတီစိမ်း ခူးတဲ့လုပ်အားခဈေးနှုန်းဟာ အရင်နှစ်တွေထက် ဈေးမြင့်တက်လာ...

ပဲတီစိမ်းဆွတ်ခူးရာသီကို ရောက်ရှိနေတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ခရမ်းနဲ့ သုံးခွမြို့နယ်တွေမှာ ပဲတီစိမ်း ခူးတဲ့လုပ်အားခဈေးနှုန်းဟာ အရင်နှစ်တွေထက် ဈေးမြင့်တက်လာတယ်လို့ ပဲစိုက်တောင်သူတွေဆီကနေ သိရပါ တယ်။

ပြီးခဲ့တဲ့နှစ်က လုပ်အားခဈေးနှုန်းဟာ ငါးတင်းဝင်တစ်အိတ်ကို ငွေကျပ် ၆၅၀၀ ကျပ်လောက်ရှိပြီး အခုနှစ်ကတော့ ကျပ် ၈၈၀၀ လောက်အထိ ရှိလာတယ်လို့ သုံးခွမြို့နယ်၊ ပဲတီစိမ်းစိုက် တောင်သူတစ်ဦးက ပြောပါတယ်။ လုပ်အား ခဈေး တက်တာက ခေတ်ကာလအခြေအနေနဲ့ ကုန်ဈေးနှုန်းမြင့်တက်တာတွေကြောင့်ဖြစ်ပြီး ဈေးမတက်ဘူး ဆိုရင် အခုလို လာခူးဖို့က မဖြစ်နိုင်ဘူးလို့ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်ကနေ ပဲလာခူးတဲ့ ဒေါ်ခင်စိုးသူက ပြောပါတယ်။ ပဲတီစိမ်း ခူးဆွတ်ရာသီဟာ တပို့တွဲလကနေ တစ်ပေါင်းလကုန်လောက်အထိဖြစ်ပြီး ပဲဆွတ်ခူးတာကိုတော့ ဒေသခံ တွေအပါအဝင် အညာနဲ့ဧရာဝတီတိုင်းဒေသကြီး စတဲ့ ရပ်ဝေးဒေသတွေက လာရောက် ခူးဆွတ်ကြတယ်လို့ သိရပါတယ်။



news-view-count-icon

18