ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ချုံချင့်တက္ကသိုလ်တို့အကြား သုတေသနလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်နိုင်ရေးကိစ္စရပ်များ၊ နှစ်ဖက်တက္ကသိုလ်များအကြား ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ အပြန်အလှန်ဖလှယ်ရေးကိစ္စရပ်များ၊ ချုံချင့် တက္ကသိုလ်မှ ပညာ သင်ဆုပေးအပ်နေမှုများနှင့် ပညာရေးကဏ္ဍအောက်မှ အခြားပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။



