၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ မြန်မာစံတော်ချိန် (၇)နာရီ၊ (၁၀)မိနစ်၊ (၃၀)စက္ကန့် အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ အနောက်ဘက် (၂၅၁)မိုင် ခန့်အကွာ၊ မြန်မာနိုင်ငံပြည်ပ (Bay of Bengal)၊ မြောက်လတ္တီတွဒ် (၁၉.၆၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၈၉.၀၄) ဒီဂရီ၊ အနက် (၁၀) ကီလို မီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၀) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။



