back

ရန်ကုန်မြို့ရှိ Sule Square Mall တွင်အနုပညာလက်ရာများခံစားနိုင်မည့် Diorama & Miniature show ပြုလုပ်နေ

Feb 25 • 5:44 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့ရှိ Sule Square Mall တွင်အနုပညာလက်ရာများခံစားနိုင်မည့် Diorama & Miniature show ပြုလုပ်နေ

ပုံစံငယ်လေးများဖြင့် မြန်မာ့လက်မှုအနုပညာများကို တစ်ဝကြီးခံစားနိုင်မည့် Diorama & Miniature show ကို ရန်ကုန်မြို့ရှိ Sule Square Mall တွင် ဖေဖော်ဝါရီ ၁၇ ရက်မ...

ပုံစံငယ်လေးများဖြင့် မြန်မာ့လက်မှုအနုပညာများကို တစ်ဝကြီးခံစားနိုင်မည့် Diorama & Miniature show ကို ရန်ကုန်မြို့ရှိ Sule Square Mall တွင် ဖေဖော်ဝါရီ ၁၇ ရက်မှစတင်ကာ ၂၃ ရက်အထိ ခုနစ်ရက်တိုင် အောင် ကျင်းပပြုလုပ်နေလျက်ရှိသည်။အဆိုပါပွဲကို "Tiny Worlds, Big Stories"ဟူ၍ အမည်ပေးထားပြီး လက်မှုအနုပညာရှင်များဖြစ်သော ကိုအောင်မျိုးဦး၊ ကိုဇေယျာဝင်း၊ ကိုဇင်လင်း၊ ကိုရှိုင်း၊ ကိုဟိန်း၊ ကိုဝေယံ၊ ကိုကျော်စွာထွန်း တို့၏ လက်ရာများကို ခင်းကျင်းပြသထားလျက်ရှိသည်။“ဝင်ကြေးကတော့ အခမဲ့ပါပဲ၊ ဈေးဝယ်ထွက်ရင်းပဲဖြစ်ဖြစ် အနုပညာလက်ရာတွေကို အဲကွန်းအေးအေး စိမ့် စိမ့်လေးနဲ့ ခံစားဖို့ Sule Square Mall ဆီ အားတဲ့တစ်ရက်‌ လှမ်းလာခဲ့ပါဦး”ဟူ၍လည်း ပွဲစီစဉ်သူတစ်ဦးမှ ဆို ထားသည်။

news-view-count-icon

10