ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးဘေး၊ နေပြည်တော်အထွက်မိုင်တိုင်အမှတ်(၂၀၃)မိုင်မှာ သဘာဝတရားရိပ်သာ ဗုဒ္ဓဥယျာဉ်တော်ကြီးကိုစတင်အကောင်အထည်ဖော်တည်ဆောက်နေသလို အဲဒီအနောက်ဘက်ခြမ်းကမြေဧက (၁၅)ဧကပေါ်မှာလည်း နေထိုင်ရေးအခက်အခဲရှိနေသူတွေ နေထိုင်နိုင်ဖို့အတွက် စေတနာကူညီကယ်ဆယ်ရေးရွာအဖြစ် နေအိမ်တွေစတင်တည်ဆောက်နေတယ်လို့ သဘာဝတရားရိပ်သာဆရာတော်ရဲ့ မိန့်ကြားချက်အရ သိရပါတယ်။လက်ရှိအခက်အခဲတွေဖြစ်ပေါ်နေချိန်မှာ နေထိုင်ရေးအခက်အခဲရှိသူတွေအတွက် ပရဟိတနှလုံးသားကို ရှေ့တန်းတင်ပြီး အခုလိုလုပ်ဆောင်ပေးတဲ့အပေါ်အားရကျေနပ်မိသလို အလှူရှင်တွေလည်းပူးပေါင်းပါဝင် စေချင်တယ်လို့ ဗုဒ္ဓဂုဏ်ရည်ဆရာတော်အရှင်အဂ္ဂဓမ္မကမိန့်ပါတယ်။နေထိုင်/စားသောက်ရေးအခက်အခဲဖြစ်နေချိန်မှာ အခုလိုဆောင်ရွက်ပေးတဲ့အတွက်အခက်အခဲတွေအဆင်ပြေသွားသလို ဝမ်းသာမိတယ်လို့လည်းလာရောက်နေထိုင်သူမိသားစုဝင်တစ်ဦးကပြောပါတယ်။



