U.Sရှိဆေးဖော်စပ်သည့်ကုမ္ပဏီများသည် အမေရိကန် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန (FDA) အား ဖေဖော်ဝါရီ၂၄ရက်၊တနင်္လာနေ့တွင် တရားစွဲချက်တင်သွင်းခဲ့သည်။ ယင်းကိစ္စမှာ FDA က ပြီးခဲ့သည့်အပတ်က Novo Nordisk (NOVOb.CO) ၏ ကိုယ်အလေးချိန်ကျဆေးနှင့် ဆီးချိုကုဆေး Wegovy နှင့် Ozempic တို့ကို ပြတ်လပ်မှုစာရင်းမှ ဖယ်ရှားလိုက်ခြင်းကြောင့် ဖြစ်သည်။ ဤဆုံးဖြတ်ချက်သည် ဆေးဖော်စပ်သူများအနေဖြင့် ထိုဆေးများ၏ ဈေးပိုသက်သာသော ဗားရှင်းများကို ရောင်းချနိုင်စွမ်းကို သိသိသာသာ လျှော့ချသွားမည်ဟု ယူဆရပါတယ်။ဤတရားစွဲဆိုမှုကို တက္ကဆက်ပြည်နယ်၊ Fort Worth ရှိ ဖက်ဒရယ်တရားရုံးတွင် ဆေးဖော်စပ်လုပ်ငန်းအဖွဲ့အစည်း Outsourcing Facilities Association နှင့် တက္ကဆက်အခြေစိုက် ဆေးဖော်စပ်သည့် FarmaKeio Custom Compounding တို့မှ တင်သွင်းခဲ့ခြင်းဖြစ်သည်။ စွဲချက်အရ FDA ၏ "ဆေးဝါး၏အဓိကပါဝင်ပစ္စည်း semaglutide ပြတ်လပ်မှုမရှိတော့ကြောင်း" ဆုံးဖြတ်ချက်သည် စိတ်ကြိုက်ဆုံးဖြတ်ချက်နှင့် မတည်မငြိမ်ဖြစ်သည်ဟု စွပ်စွဲထားသည်။ 
U.Sရှိ ဆေးဖော်စပ်သည့်ကုမ္ပဏီများက Wegovy နှင့် Ozempic ကို ပြတ်လပ်မှုစာရင်းမှ ဖယ်ရှားမှုအတွက် အမေရိကန် FDA အား တရားစွဲဆို
Feb 25 • 5:06 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 11 | 0 | 0 | 0 |


