back

မြန်မာနိုင်ငံရဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ လျှပ်စစ်သုံး မော်တော်ယာဉ် (၁၂) စီးတို့အားစိစစ်ထုတ်ပေးခဲ့

Feb 25 • 5:04 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာနိုင်ငံရဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ လျှပ်စစ်သုံး မော်တော်ယာဉ် (၁၂) စီးတို့အားစိစစ်ထုတ်ပေးခဲ့

AUNG GABAR MOTOR SERVICES CO., LTD မှ တင်သွင်းသော တရုတ်နိုင်ငံ ထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: BAIC ARCFOX αT5၊ 2024 MDL ၉ စီးသည် ၁၀-၉-၂၀၂၄ တွင်လည်းကောင...

AUNG GABAR MOTOR SERVICES CO., LTD မှ တင်သွင်းသော တရုတ်နိုင်ငံ ထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: BAIC ARCFOX αT5၊ 2024 MDL ၉ စီးသည် ၁၀-၉-၂၀၂၄ တွင်လည်းကောင်း၊ BRAND NEW WAGON (LHD)၊ BRAND NAME: BAIC ARCFOX αT5၊ 2024 MDL ၃ စီစီးသည် ၁၅-၉-၂၀၂၄ တွင် လည်းကောင်း ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့ ရောက်ရှိခဲ့ရာအဆိုပါ လျှပ်စစ်သုံး မော်တော်ယာဉ် (၁၂) စီးတို့အား အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီး ဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန် ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက် များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၁၈-၂-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါတယ်။



news-view-count-icon

25