ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံရှိ ဘဏ်များက ဝယ်ယူသူများအား ၁ ဒေါ်လာကို ၂၀၉၇ - ၄၅၀၀ ကျပ်အတွင်း ရောင်းချခဲ့ပြီး၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၂.၇၇၃ သန်းကျော် အရောင်းအဝယ်အဖြစ် ရောက်ရှိခဲ့ကြောင်း သိရသည်။ အပြန်အလှန် ဘဏ်များအကြား (Interbank Dealing) အရောင်းအဝယ်တွင် ၁ ဒေါ်လာအတွက် ၂၁၀၆.၃ - ၄၅၀၀ ကျပ်အတွင်း အမေရိကန်ဒေါ်လာ ၈.၂၂၂ သန်းကျော် အရောင်းအဝယ်ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။



