back

ထိုင်းအစိုးရမှ မူးယစ်ဆေးဝါးတွေ ပါတဲ့ "Zombie Cigarettes" တွေကို မသောက်သုံးဖို့ ထိုင်းလူငယ်တွေကို သတိပေးနေ

Feb 25 • 3:00 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းအစိုးရမှ မူးယစ်ဆေးဝါးတွေ ပါတဲ့ "Zombie Cigarettes" တွေကို မသောက်သုံးဖို့ ထိုင်းလူငယ်တွေကို သတိပေးနေ

ထိုင်းဝန်ကြီးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ Anukul Prueksanusak က မူးယစ်ဆေးဝါး ရောင်းချသူတွေဟာ အိမ်လုပ်ပစ္စည်းတွေနဲ့ မူးယစ်ဆေးဝါး အသစ်တွေကို ဖန်တီးနေကြတယ်လို...

ထိုင်းဝန်ကြီးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ Anukul Prueksanusak က မူးယစ်ဆေးဝါး ရောင်းချသူတွေဟာ အိမ်လုပ်ပစ္စည်းတွေနဲ့ မူးယစ်ဆေးဝါး အသစ်တွေကို ဖန်တီးနေကြတယ်လို့ ပြောပါတယ်။ အခုဆိုရင် Thonglor အနီးအနားမှာ ‘ Zombie Cigarettes” တွေ ရေပန်းစားနေပြီလို့ သူက ပြောပါတယ်။ ထိုင်းအစိုးရက မကြာခင်က Thonglor ဖျော်ဖြေရေး ဧရိယာမှာ မူးယစ်ဆေးဝါးတွေ ပါတဲ့ “ Zombie Cigarettes” တွေကို တွေ့ရှိပြီးနောက်မှာ လူငယ်တွေကို မသောက်သုံးဖို့ သတိပေးလိုက်ပါတယ်။ “Zombie Cigarettes” မှာ Etomidate ပါဝင်ပြီး ငိုက်မြည်းတာ၊ အသက်ရှူနှေးစေတာ၊ သွေးဖိအားကျတာ၊ စိတ်ထွေဝါးတာတွေ ဖြစ်စေတတ်ပြီး အဆိုးဆုံးက သတိလစ်ကာ အသက်‌ဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

news-view-count-icon

10