back

မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း

Feb 25 • 2:59 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း

မြန်မာနိုင်ငံရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ တိုးတက်စေရန် အားလုံးပူးပေါင်းဆောင်ရွက်ရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင...

မြန်မာနိုင်ငံရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ တိုးတက်စေရန် အားလုံးပူးပေါင်းဆောင်ရွက်ရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းက တိုက်တွန်းလိုက်သည်။ ရန်ကုန်မြို့ရှိ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းသည် နိုင်ငံ့စီးပွားရေးအတွက် အရေးပါသဖြင့် ဝန်ထမ်းများနှင့် လုပ်ငန်းရှင်များသည် အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို အားထားကာ ခေတ်မီဝန်ဆောင်မှုများ ပေးနိုင်ရန် ကြိုးစားရမည်ဟု ပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ရာ ပြည်တွင်းခရီးသွားဧည့်သည်များ များပြားလာစေရန်၊ ပြည်ပခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်ရေးနှင့် ခရီးသွားဈေးကွက်ချဲ့ထွင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။


news-view-count-icon

26