back

ရန်ကုန်မြို့၌ အသည်းရောင်အသားဝါHepatitis Aပိုး ကူးစက်ခံရမှုများ များပြားလာနေ

Feb 25 • 3:10 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်မြို့၌ အသည်းရောင်အသားဝါHepatitis Aပိုး ကူးစက်ခံရမှုများ များပြားလာနေ

အခုရက်ပိုင်းမှာ ရန်ကုန်မြို့မှာ အသည်းရောင်အသားဝါ Hepatitis Aကူးစက်မှုတွေများနေတယ်လို့ ကူးစက်ခံရသူတွေနဲ့ ကူးစက်ခံရသူတွေရဲ့မိသားစုဝင်တွေထံမှ သိရပါတယ်။’စဖြစ်ဖြစ်ချ...

အခုရက်ပိုင်းမှာ ရန်ကုန်မြို့မှာ အသည်းရောင်အသားဝါ Hepatitis Aကူးစက်မှုတွေများနေတယ်လို့ ကူးစက်ခံရသူတွေနဲ့ ကူးစက်ခံရသူတွေရဲ့မိသားစုဝင်တွေထံမှ သိရပါတယ်။’စဖြစ်ဖြစ်ချင်းအားမရှိဘူး၊ညောင်းကိုက်တယ်၊ကိုယ်ပူတယ်၊နောက်ရက်ကျ ဘာစားစားထိုးအန်တော့တာပဲ၊ မူးနောက်ရင်ပြည့်ပြီးအန်တာ၊ဝမ်းလျှောတာတွေပါဖြစ်တယ်။ အသည်းရောင်အသားဝါ Hepatitis Aကူးစက်တာပါ၊အပြင်မှာပဲ မုန့်တွေစားဖြစ်တာက ကူးစက်တာဖြစ်ပါတယ်”လို့ ရန်ကုန်မြို့နေ ကူးစက်ခံရသူတစ်ဦးကပြောပါတယ်။အသည်းရောင်အသားဝါ Hepatitis Aဆိုတာ ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်တဲ့အသည်းရောင်ရောဂါဖြစ်ပြီး လက္ခဏာအနေနဲ့ အသားဝါတာ၊ပျို့အန်တာ၊ပင်ပန်းတာတွေဖြစ်ပေါ်တယ်လို့ ဒေါက်တာကျော်ရှိန်က ဖော်ပြထားပါတယ်။အသည်း‌‌‌ရောင်အသားဝါဟာ အစာမသန့်တာ၊ ရေမသန့်တာကနေကူးစက်တာဖြစ်ပြီး လက်ကိုမကြာခဏဆေးတာ၊ အညစ်အကြေးကနေတစ်ဆင့်ကူးနိုင်လို့ အိမ်သာသုံးစွဲရင် လက်ကိုသန့်ရှင်းစွာဆေးကြောတာနဲ့ ရောဂါကူးစက်ခံရသူနဲ့ အိမ်သာခွဲသုံးတာ၊ ပန်းကန်၊ဇွန်းတွေခွဲသုံးဖို့လိုအပ်တယ်လို့ အကြံပြုထားပါတယ်။


news-view-count-icon

27