ဇန်နဝါရီ ၁ ရက်ကနေ ဖေဖော်ဝါရီ ၁၀ ရက်အထိ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ Nakhon Ratchasima၊ Chaiyaphum၊ Buriram နဲ့ Surin တို့ပြည်နယ်တွေမှာ တုပ်ကွေးရောဂါဖြစ်ပွားသူ ၆၉၃၈ ဦး တွေ့ရှိခဲ့ပါတယ်။ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ပြည်နယ် ၄ ခုမှာ အအေးမိတုပ်ကွေးရောဂါဖြစ်ပွားမှုမြင့်တက်နေပြီး လူပေါင်း ၇၀၀၀ နီးပါး ကူးစက်ခံထားရကြောင်း အစိုးရလက်ထောက်ပြောရေးဆိုခွင့်ရှိသူ Sasikarn Wattanachan ကပြောကြားထားပါတယ်။တုပ်ကွေးကြောင့် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ပြည်နယ် ၄ ခုမှာ သေဆုံးသူ ၃ ဦးအထိရှိလာတာကြောင့် Sasikarn Wattanachan ကအခုလို သတိပေးလာတာဖြစ်ပါတယ်။တုပ်ကွေးဖြစ်ပွားသူအများစုမှာ အသက် ၅ နှစ်မှ ၉ နှစ်ကြား ကလေးငယ်တွေဖြစ်ပြီး အသက် ၄ နှစ်နဲ့ ၃ နှစ်အရွယ်ကလေးငယ်တွေမှာလည်း ကူးစက်မှုမြင့်တက်နေတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းတွင် တုပ်ကွေးရောဂါဖြစ်ပွားမှုမြင့်တက်နေပြီး လူပေါင်း ၇၀၀၀ နီးပါးထိ ကူးစက်ခံထားရ
Feb 25 • 2:48 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 11 | 0 | 0 | 0 |


