မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform)အတွက် တရုတ်ယွမ်တစ်ယွမ်လျှင် မြန်မာကျပ် ၅၄၂ ကျပ်နှုန်းဖြင့် တရုတ်ယွမ်ငွေ ၅ သိန်းကျော်နှင့် ထိုင်းဘတ် တစ်ဘတ်လျှင် မြန်မာကျပ် ၁၃၁.၅၀ ကျပ်နှုန်းဖြင့် ထိုင်းဘတ် ၂ သန်းကျော် ရောင်းချပေးခဲ့ကြောင်း သိရသည်။



