back

တရုတ်နိုင်ငံတွင်ဟွာဝေးတည်ထောင်သူ Ren Zhengfei အပါအဝင် တရုတ်သမ္မတနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်ကြီးများ တွေ့ဆုံပွဲပြုလုပ်

Feb 25 • 2:45 AM

breaking-news

မြန်မာ

ပြည်ပ

cover

တရုတ်နိုင်ငံတွင်ဟွာဝေးတည်ထောင်သူ Ren Zhengfei အပါအဝင် တရုတ်သမ္မတနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်ကြီးများ တွေ့ဆုံပွဲပြုလုပ်

တရုတ်နိုင်ငံတွင် ဟာ့ဒ်ဝဲအနေဖြင့် ရာနှုန်းပြည့်ပြည်တွင်းဖြစ် ချစ်ပ်များ မထုတ်လုပ်နိုင်ခြင်း၊ ဆော့ဖ်ဝဲအနေဖြင့် လည်ပတ်မှုစနစ်များ operating systems နည်းပါးခြင်းတို...

တရုတ်နိုင်ငံတွင် ဟာ့ဒ်ဝဲအနေဖြင့် ရာနှုန်းပြည့်ပြည်တွင်းဖြစ် ချစ်ပ်များ မထုတ်လုပ်နိုင်ခြင်း၊ ဆော့ဖ်ဝဲအနေဖြင့် လည်ပတ်မှုစနစ်များ operating systems နည်းပါးခြင်းတို့အတွက် စိုးရိမ်ပူပန်မှုများ လျော့ပါးသွားကြောင်းဟွာဝေးတည်ထောင်သူမှ ရှီကျင့်ဖျင်အားပြောကြားခဲ့ပြီးအဆိုပါ တွေ့ဆုံပွဲသို့ ဟွာဝေးထူထောင်သူ Ren Zhengfei၊ လျှပ်စစ်ကားကုမ္ပဏီ BYD ထူထောင်သူ Wang Chuanfu၊ Xiaomi ထူထောင်သူ Lei Jun ၊ အလီဘာဘာ ထူထောင်သူ Javk Ma အပါအဝင် အဓိက တရုတ်ကုမ္ပဏီ တည်ထောင်သူများ တက်ရောက်ခဲ့ကြသည်။ကုမ္ပဏီထူထောင်သူများထဲမှ ၆ ဦးကို ရှီကျင့်ဖျင်ထံ တင်ပြရန် အချိန်ပေးသည်။DeepSeek ထူထောင်သူ Liang Wenfeng နှင့် အလီဘာဘာ ထူထောင်သူ Javk Ma တို့ကို တင်ပြခွင့် မပေးချေ။ကျန်လုပ်ငန်းရှင် ၃ ဦးမှာ Will Semiconductor ချစ်ပ်လုပ်ငန်းရှင်၊ Unitree လူတူစက်ရုပ် လုပ်ငန်းရှင်၊ New Hope Group အသား၊ ဥနှင့်နို့ လုပ်ငန်းရှင်တို့ဖြစ်သည်။

news-view-count-icon

13