ယခုရာသီတွင် နည်းပြ မာရက်စကာ ရာထူးမှထုတ်ပယ်ခံရမည်မဟုတ်ဟု ချဲလ်ဆီးအသင်း၏ ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ ဂိုးလ်စတိန်းက အတည်ပြုပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဂိုးလ်စတိန်းက မာရက်စကာ၏ စွမ်းဆောင်မှုမှာ ကျေနပ်စရာဖြစ်တဲ့အတွက် ယခုရာသီတွင် ရာထူးမှ ထုတ်ပယ်မခံရရန် ရာခိုင်နှုန်းပြည့် သေချာကြောင်း ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်တွင် ချဲလ်ဆီး အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၆ အပြီးမှာ ရမှတ် ၄၃ မှတ်နဲ့ အဆင့် ၇ မှာ ရပ်တည်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရရန် အဆင့် (၄) နေရာမှ မန်စီးတီးအသင်း နဲ့ တစ်မှတ်သာ ကွာဟနေပါတယ်။



