ပြင်သစ်ရေတပ်မှ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော ချားလ်ဒီဂေါလ်နှင့် အခြားစစ်သင်္ဘော များသည် ဖိလစ်ပိုင်နိုင်ငံ ဆူးဘစ်ပင်လယ်အော်အတွင်း ရောက်ရှိနေကြောင်း ဖေဖော်ဝါရီလ ၂၃ ရက် သတင်းများ တွင် ရေးသားဖော်ပြထားသည်။ ချားလ်ဒီဂေါလ်လေယာဉ်တင်သင်္ဘောနှင့် အခြားပြင်သစ်စစ်သင်္ဘောများသည် ဖိလစ်ပိုင်ရေတပ်နှင့် ပိုင်ဆိုင်ခွင့် အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်ဒေသ၌ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဆူးဘစ်ပင်လယ်အော်ဆိပ်ကမ်းသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။



