၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် အထိ လေးနှစ်အတွင်း လူငယ်များ ပြင်းထန်စိတ်ထိခိုက်ရောဂါ အဖြစ်များလာခဲ့ ရာ ယခင်ကထက် ယခုလေးနှစ်အတွင်း သုံးဆနီးပါး မြင့်တက်လာကြောင်း စိတ်ကျန်းမာရေးပြဿနာများကို တိုင်ပင်ဆွေးနွေးကုသပေးနေသည့် ဆရာဝန်များထံမှ သိရသည်။ယင်းသို့ လူငယ်အများစုတွင် ဖြစ်ပေါ်နေသည့် ပြင်းထန်စိတ်ထိခိုက်ရောဂါများကို စိတ်ကျန်းမာရေးဆရာ ဝန်များ နှင့် တိုင်ပင်ဆွေးနွေးကုသသူများရှိသလို ၎င်းစိတ်ကျန်းမာရေးပြဿနာများကို ဖုန်းခေါ်ဆို၍ အခမဲ့ တိုင်ပင် ဆွေး နွေးနိုင်သည့် ဝန်ဆောင်မှုလုပ်ငန်းများလည်း အများအပြားရှိလာခဲ့ကြောင်း သိရသည်။



