ရန်ကုန်တိုင်း တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက် သမာဓိလမ်းတွင် ယနေ့ဖေဖော်ဝါရီ ၂၄ရက် မနက်ပိုင်းက စက်ဘီးလာခိုးတဲ့ အမျိုးသာတစ်ဦးကို ရပ်ကွက်အတွင်းရှိ လူငယ်တွေဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး ရဲစခန်းကို အပ်နှံလိုက်တယ်လို့သိရပါသည်။ဖမ်းဆီးရမိခဲ့တဲ့ အမျိုးသားနဲ့ ရှာဖွေတွေ့ရှိတဲ့ ပစ္စည်းတွေကို တာမွေရဲစခန်းတွင် အပ်နှံထားပြီး မိမိပစ္စည်း ပျောက်ဆုံးသူများအနေနဲ့ သွားရောက်စစ်ဆေးမေးမြန်းပြီး ပြန်လည်တောင်းယူနိုင်တယ်လို့လည်း သိရပါသည်။



